မိုးညို  ၂၇ ဖေဖော်ဝါရီ

 

မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ဆင်ကျွန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

a

 

အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြပြုလုပ်ခဲ့ကြသည်။

 

d

 

အဆိုပါ မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုမင်း(မိုးညို)