မိုးညှင်း၊ မြဝတီနှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ဩဂုတ်  ၂၁

 

မိုးညှင်းမြို့နယ်၊ မြဝတီမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေး ရွာအုပ်စု နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထွန်းလှ(ခ)သံချောင်း မောင်းနှင်ပြီး ရဲလင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘုံ ၁၀ လမ်းနေ ကျော်ဆွေ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းတည့် ၁၂ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘုံ ၁၀ လမ်းရှိ စောလွမ်းဝေ(ခ)နဂါး ၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁ ပြားကိုလည်းကောင်း၊ ထို့အတူ ဩဂုတ် ၂၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအ ဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၃)၊ ဆင်ခေါင်းလေးကျေးရွာအနီးတွင် မပုလဲဝင်း မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)