မိုးညှင်း စက်တင်ဘာ ၂၇

 

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီ စံပြကျေးရွာ၌ ယခုဘဏ္ဍာနှစ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ရေးလုပ်ငန်း စီမံကိန်း(RBF)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့်အတူ ကျေးရွာသူ ကျေးရွာသားများအား ချေးငွေများဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို လိုက်လံကြည့်ရှုသည်။ ဟဲလုံခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အိမ်ထောင်စု ၂၁ စုတို့အတွက် လုပ်ငန်းဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း ၃၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ရွှေမိုးညှင်း