မိုးညှင်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၇

မိုးညှင်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၅ ရက် မွန်းလွဲ  ၁၂ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇော်မျိုးဦး မောင်းနှင်ပြီး ကျော်မင်းထွန်း(ခ) ညိုချော လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ နယ်မြေ(၁၄)နေ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဇော်ဇော်ထိုက်(ခ)ဇော်ထိုက် အား ၎င်း၏နေအိမ်တွင်လည်းကောင်း၊ အလားတူ ဩဂုတ် ၂၆ ရက် မွန်းလွဲ  ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရှုခင်းသာ(၃)ကျေးရွာ အနီးတွင် လီလောင်(ခ) ဂျော်နီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထား ကြောင်း သိရသည်။

သတင်းစဉ်