မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ မဆွေဆွေနွယ်(ခ)သဲသဲ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဧပြီ ၄ ရက် ညနေ ၄ နာရီတွင် ပူးပေါင်း အဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာအနီး၊ မိုင်းခုတ်-မိုင်းဆတ်သွားကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မနာဖာ အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်