မြို့သစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၃၁၅၅)ဦး ငြိမ်းချမ်းစွာ ဖြေဆို

မြို့သစ် ၈ မတ်


မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသည့် အ.ထ.က(၁)၊ အထက(၂)၊ အလက(ခွဲ)မြို့မ၊ အထက(ဝါးကြီးအိုင်) ကျောင်းစာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၁၅၅) ဦး ရှိပြီး (၉၆ ဒသမ ၄၂ ရာခိုင်နှုန်း) ဖြေဆိုကာ ပျက်ကွက်(၁၁၇) ဦး (၃ ဒသမ ၅၈ ရာခိုင်နှုန်း)ရှိသည်။


ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများက ယနေ့နံနက်(၈)နာရီမှစ၍ ကျောင်းရှေ့လမ်းမတွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား အသံဆူညံခြင်းမရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း(မြို့သစ်)