စပါးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်သည် ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဩဂုတ် ၃ ရက်က တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်၌ စပါးနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ရာသီအကြို ခြေစမ်းပွဲတွင် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာပြီးနောက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
စပါးအသင်းသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် မက်ဒီဆင်၏ နေရာကို ဝက်စ်ဟမ်းအသင်းမှ ခေါ်ယူထားသည့် ဂါနာကစားသမား မိုဟာမက်ကူဒူးစ်ကို အသုံးပြုသွားဖွယ်ရှိနေသည်။
မိုးဇက် - စုစည်းရေးသားသည်


