မကွေး၊    ၁၉    ဒီဇင်ဘာ     

မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေး - နတ်မောက်လမ်း၊ သင်ကြားရေး ဆေးရုံကြီးအနီးတွင် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က  ကောက်ရိုးများ တင်ဆောင်လာသော Toyota မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မကွေးခရိုင်နှင့် မကွေးမြို့နယ်မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၄၅ မိနစ် ခန့်တွင် မီး လုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ/သေဆုံးခြင်း မရှိကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)