မကွေး     စက်တင်ဘာ     ၂၉

၂၀၂၅-၂၀၂၆  ပညာသင်နှစ် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)၏ ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အနီအသင်းနှင့် အစိမ်းအသင်းတို့ ယှဉ်ပြိုင်နေမှု၊ ထုပ်ဆီးတိုးပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် အဝါအသင်းနှင့် အနီအသင်းတို့ ယှဉ်ပြိုင်နေမှု၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ်  အနီအသင်းနှင့်  အစိမ်းအသင်းတို့ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ပါဝင်ကူညီခဲ့သည့် ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်    အကောင်းဆုံးအားကစား သမားဆုရရှိသူများအား  ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ကျောင်းတွင်း အားကစားပြိုင်ပွဲကို ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသားကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၆  ဦးက ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများကို  စက်တင်ဘာ ၂၆  ရက်မှ  ၂၉  ရက်အထိ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)