မကွေး ဒီဇင်ဘာ ၁၇

မြန်မာ့သမဝါယမ လုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာ ၁၃ ရက်က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန ကလေးပြုစုရေးဌာနရှိ ဝန်ထမ်းနှင့် မိဘမဲ့ ကလေးများအား သမဝါယမ အသင်းစုချုပ်ခြံထွက်ကြက်ဥ ၂၅၅ လုံးနှင့် ကလေးအသုံးအဆောင် ပစ္စည်းများ၊ မကွေးမြို့ အောင်မေတ္တာ (က)ရပ်ကွက်နေ အိမ်ထောင်စု ၆၀ ၏ မိသားစုဝင်များအား တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်းဖြင့် အလုံး ၆၀၀ ပေးအပ်လှူဒါန်းသည်။

အလားတူ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမဦးစီးဌာန အသင်းဝန်ထမ်းများက ဒီဇင်ဘာ ၁၅ ရက်တွင် မကွေးမြို့နယ် သမဝါယမအသင်းစုဆီစက်ဝန်း အတွင်း နှစ်ရှည်ပင်နှင့် အလှမြက် စိုက်ခင်းများကို တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တိုင်းဒေသကြီး အသင်းစုချုပ်ဥက္ကဋ္ဌ၊ အသင်းစုဥက္ကဋ္ဌနှင့် ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 မောင်ခိုင်မင်း(ပြန်/ဆက်)