မကွေး ဒီဇင်ဘာ ၂၃

 

မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မဏ္ဍိုင်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ သဘာပတိ ဦးဘုန်းမြင့်ထွန်းက တစ်နှစ်အတွင်းရရှိခဲ့သော ဝင်ငွေ၊ အသုံးစရိတ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်အတွက် အသင်းသား ၁၇၇ ဦးအား စုဆောင်းငွေအပေါ်အတိုး ငွေကျပ် ၂၉ ဒသမ ၄၀၃၆ သိန်း ထုတ်ပေးခဲ့ပြီးငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ရေနွေးဓာတ်ဘူးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)