မကွေး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ဖွင့်လှစ်သည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယမန်နေ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဦးစွာ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုး က အမှာစကားပြောကြားပြီး သင်တန်းကို တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ အဆိုပြုတင်ပြ လာသည့် အခြေခံပညာကျောင်း ကိုးကျောင်းမှ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်မှူးများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၃၅ ဦး တက်ရောက်ကြသည်။
သင်တန်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဩဂုတ်၂၀ ရက်မှ ၂၂ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


