ပရီမီယာလိပ်ပွဲစဉ်(၈)မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် လီဗာပူးနှင့် မန်ယူအသင်းပွဲစဉ်တွင် မန်ယူအသင်းက အကြိတ်အနယ်ကစားကာ နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အဆိုပါပွဲစဉ်ကို အောက်တိုဘာ ၁၉ ရက် ည ၁၀ နာရီက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
မန်ယူအသင်းဂိုးသမား လန်းမန်းစ် အထူးလက်စွမ်းပြသနိုင်ခဲ့ပြီး လီဗာပူးအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။ လီဗာပူးအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
မန်ယူအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ပရီမီယာလိဂ် ရှစ်ပွဲကစားပြီး လေးပွဲနိုင်၊ တစ်ပွဲသရေနှင့် သုံးပွဲရှုံးရလဒ်ရရှိကာ ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၉ တွင် ရပ်တည်နေသည်။ ပြိုင်ဘက် လီဗာပူးအသင်းက ငါးပွဲနိုင်၊ သုံးပွဲရှုံးရလဒ်ရရှိကာ အဆင့် ၄ တွင် ရပ်တည်နေသည်။
ပရီမီယာလိဂ်ပွဲစဉ်(၈)အပြီးတွင် အမှတ်ပေးဇယားကို အာဆင်နယ်က ရမှတ် ၁၉ မှတ်ဖြင့် ဦးဆောင်ထားသည်။
မြန်မာ့အလင်း


