ကွာလာလမ်ပူ   နိုဝင်ဘာ   ၂၅

မလေးရှားနိုင်ငံသည် အသက် ၁၆ နှစ်အောက်ကလေး ငယ်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်သွားမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ အဆိုပါအစီအစဉ်မှာ    အွန်လိုင်း အန္တရာယ် ထိခိုက်နစ်နာမှုများမှ လူငယ်လူရွယ်များအား အကာအကွယ်ပေးရန်ဖြစ်သည်ဟု ဆိုသည်။

မလေးရှားအစိုးရသည် ယင်းအစီအစဉ်ကို လာမည့်နှစ်တွင်  စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။ လူမှုမီဒီယာပလက်ဖောင်းများတွင် လူငယ်လူရွယ်များ အကောင့်ဖွင့်ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီဖက်ဒ်ဇီလ်က နိုဝင်ဘာ ၂၃ ရက် တွင် ပြောကြားထားသည်။

မလေးရှားနိုင်ငံ၌ အွန်လိုင်းရာဇဝတ်မှုနှင့် အခြားသော ဆိုက်ဘာပြဿနာရပ်များကို တိုက်ဖျက်ရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် လူမှုမီဒီယာနှင့် မက်ဆေ့ပို့ဝန်ဆောင်မှုပေးသူများသည် လိုင်စင် ရယူရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။ လိုင်စင်ရ ပလက်ဖောင်းများသည် အသက်အရွယ်စိစစ် အတည်ပြုခြင်းနှင့်အကြောင်းအရာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံများကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

ဩစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အောက် ကလေးငယ်များအတွက် လူမှုမီဒီယာအကောင့်များကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ၏ အဆိုပါ လုပ်ဆောင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။    

အင်န်အိတ်ချ်ကေ