ကွာလာလမ်ပူ နိုဝင်ဘာ ၁၀

 

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်သည် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံသို့ သုံးရက်ကြာသွားရောက်မည့် မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်၏ ခရီးစဉ်သည် မလေးရှားဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး အစ္စမေးလ်ဆာဘရီယာကော့ဘ်သည် သြဂုတ်လအတွင်းက ဝန်ကြီးချုပ်တာဝန်စတင် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

 

မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလာမည့် ယင်းခရီးစဉ်၏တစ်စိတ် တစ်ဒေသအဖြစ် မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်