အင်္ဂလန်အသင်းနည်းပြ တူချယ်ဟာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရပါက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာမို့ ကစားသမားတွေအနေနဲ့ မလိုအပ်ဘဲ အနီကတ်ပြခံရခြင်းကို ရှောင်ရှားရန် သတိပေးပြောကြားခဲ့ပါတယ်။
လတ်တလောမှာ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာကြောင့် ပေါ်တူဂီအသင်း ကမ္ဘာ့ဖလာတိုက်ရိုက်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ပထမပွဲစဉ် ပါဝင်ကစားခွင့်နဲ့ လွဲချော်မှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ခြေစစ်ပွဲမှာ ခုနစ်ပွဲကစား၊ ခုနစ်ပွဲစလုံးအနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် အင်္ဂလန်အသင်းနည်းပြ တူချယ်က ကစားသမားတွေကို လက်ကျန်ခြေစစ်ပွဲတစ်ပွဲတွင် အနီကတ်ပြသခံရခြင်းကနေ ရှောင်ရှားနိုင်ဖို့ သတိပေးထားတာဖြစ်ပါတယ်။
ငွေကြယ်


