မြန်အောင် အောက်တိုဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အမှတ်(၁)ရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးသည်။

 

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၇၁၅၀၊   ဆန်တစ်ပြည် ငွေကျပ် ၂၀၀၀၊ ကြက်ဥတစ်လုံး ငွေကျပ် ၃၀၀ နှုန်းဖြင့် ရောင်းချပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းစိုးဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဦးမင်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးကြသည်။

 

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်ပိုင်းတွင် စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ် သားနှုန်းဖြင့် စားအုန်းဆီပိဿာ ၂၈၆၀ ရောင်းချပေးသည်။ 

 

ဝင်းဗိုလ်(ပြန်/ဆက်)