နေပြည်တော် ၂၇ ဖေဖော်ဝါရီ
မြန်အောင်မြို့နယ် တံတားကွင်းကျေးရွာ ဘုန်းကြီးကျောင်းရှိ ရေတွင်းပျက်အတွင်းမှ ရှေးဟောင်း ရွှေလက်ကောက်များနှင့် ငွေဒင်္ဂါး(၁)ပြား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် မြန်အောင်မြို့နယ်၊ တံတားကွင်းကျေးရွာ၌ အင်ပင်မြို့ ဓူဝံတောရ ကျောင်းဆရာတော် ဥူးစာရိန္ဒပါ သံဃာ(၂)ပါးနှင့် ဦးရဲမြင့် (၄၅)နှစ်၊ တံတားကွင်းကျေးရွာနေသူပါ (၂၅)ဦးတို့သည် တံတားကွင်းကျေးရွာ ဘုန်းကြီးကျောင်းရှိ ရေတွင်းပျက်အတွင်းမှ ရွှံ့နွံများအား ရေစုပ်စက်ဖြင့်ထုတ်စဉ် အနက် ၅၀ ပေခန့်အရောက်၌ အိုး ၁ လုံးဖြင့်ထည့်လျက် ကြံဆစ်ပုံသဏ္ဌာန် ၄ ပဲသားခန့် ရွှေလက်ကောက်များနှင့် ဂျော့ဘုရင် ခေါင်းပုံပါ တစ်ကျပ်သားခန့် ငွေဒင်္ဂါး (၁)ပြားတို့အား တွေ့ရှိခဲ့ပြီး အဆိုပါပစ္စည်းများအား ဆရာတော် ဥူးစာရိန္ဒမှ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။
MDN


