မြန်အောင် စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့်  တာဝန်ရှိသူများသည် ယ‌မန်နေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်အတွင်းရှိ  မြေပဲစိုက် သမဝါယမအသင်းသား တောင်သူများ မြေပဲစိုက်ပျိုးအောင်မြင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် “ထူးမေတ္တာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် ကညင်ငူကျေးရွာအုပ်စု ကာစီကွင်းကျေးရွာ တောင်သူဦး‌အောင်စိုး၏ မြေပဲ(ပင်ပြား) ငါးဧကစိုက်ခင်း တွင် မြေပဲစိုက်ပျိုးအောင်မြင်မှု အ‌ခြေအနေများကို ကြည့်ရှုအား‌ပေးပြီး လိုအပ်သည်များကို ပေါင်းစပ်‌ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူးသည်  ကျေးရွာဓမ္မာရုံ၌ မြေပဲစိုက်တောင်သူများနှင့်  တွေ့ဆုံ၍  တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)