ရန်ကုန် ဒီဇင်ဘာ ၇
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)က စီစဉ်ကျင်းပသည့် မွန်ရိုးရာအကနှင့် မွန်ရိုးရာအတီးမွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက် အဆောက်အအုံ၌ ကျင်းပရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်နှင့် ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌ မိမြအောင်တို့က သင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများက မွန်ရိုးရာအကနှင့် မွန်ရိုးရာတူရိယာ များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မျိုးမင်းသူရ


