မင်းဘူးခရိုင်အတွင်းရှိ စာစစ်ဌာန(၂၆)ခုတွင် ရူပဗေဒဘာသာရပ် ဖြေဆိုရန်ပျက်ကွက်သူ ၃၉၇ ဦးရှိ

မင်းဘူး ၁၂ မတ်        

   

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၆) ရက်နေ့မှ စတင် ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ စာစစ်ဌာန(၂၆) ခုတွင် ရူပဗေဒ ဘာသာရပ်ကို ယနေ့နံနက်(၉) နာရီက ကျောင်းသား ကျောင်းသူ ၁၁၃၅၀ ဦး၊ (၉၆.၆၂) ရာခိုင်နှုန်း အေးချမ်းသာယာစွာ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

 

3122019

 

မင်းဘူးခရိုင်တွင် စာစစ်ဌာန(၂၆)ခုဖြင့် ကျင်းပလျက်ရှိရာ ရူပဗေဒဘာသာရပ်ဖြေဆိုသူ စာရင်းအနေဖြင့် မင်းဘူး(စကု) မြို့နယ်ရှိ စာစစ်ဌာန (၆)ခုတွင် ကျောင်းသား/ကျောင်းသူ(၃၀၃၀) ဦး၊  ပွင့်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၇) ခုတွင် ကျောင်းသား/သူ (၃၁၆၉) ဦး၊ စလင်းမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ကျောင်းသား/သူ (၃၈၃၈)ဦး၊ ငဖဲ မြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင်(၉၉၇) ဦး၊ စေတုတ္တရာ မြို့နယ်ရှိစာစစ်ဌာန(၂) ခု တွင် (၃၁၆)ဦး၊ စုစုပေါင်း (၁၁၃၅၀) ဦးတို့မှ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရပြီး ပျက်ကွက်သူဦးရေ (၃၉၇) ဦးရှိကြောင်း သိရသည်။ 

 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ် ကျောင်းသား/သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် မင်းဘူးခရိုင် အတွင်းရှိ စာစစ်ဌာနများတွင် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

331209