မင်းဘူး ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မင်းဘူးမြို့ ခရိုင် အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အမှာစကားပြောကြားသည်။ ပြိုင်ပွဲတွင် Southern Minbu ၊ T.S.B Youth ၊ Banana FC ၊ Ward-3 ၊ Golden Brother ၊ ဖိုးစနေ FC နှင့် Next Generation စသည့် ပြိုင်ဝင်အသင်းပေါင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဘောလုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဆုပေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွင့် ပွဲစဉ်အဖြစ် Banana FC အသင်းနှင့် Southern Minbu အသင်းတို့ ယှဉ်ပြိုင်ကစားရာ Banana FC အသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို မင်းဘူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ မင်းဘူးမြို့ အားကစားကော်မတီအဖွဲ့ဝင်များ၊ မြို့ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များက အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


