ရန်ကုန် ဒီဇင်ဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးအနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်က အမှာစကားပြောကြားပြီး မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးအောင်နိုင်သူက အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း