စက်တင်ဘာ ၂၅

မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulan Bator တွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သည်ဟု သံသယရှိသူငါးဦး သေဆုံးခဲ့ကြောင်း အမျိုးသားကျန်းမာရေးဗဟိုဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Ulan Bator ၏ Songinokhairkhan နှင့် Bayanzurkh ခရိုင်များရှိ ger ဟုလူသိများသော ရိုးရာအဝိုင်းသဏ္ဍာန်ရှိသော နေအိမ်တစ်လုံးတွင် သေဆုံးသူများကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံး အိပ်ပျော်နေစဉ် သေဆုံးသွားသည်ဟု ယူဆရကြောင်း စင်တာ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးဖိုခေါင်းတိုင်မှ မီးခိုးများ ယိုစိမ့်မှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများက ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် လူဦးရေအနည်းပါးဆုံးနိုင်ငံဖြစ်သော မွန်ဂိုလီးယားနိုင်ငံသည် ၎င်း၏နိုင်ငံသား ၃ ဒသမ ၅ သန်း၏ ထက်ဝက်ကျော်နေထိုင်သော Ulan Bator တွင် ပြင်းထန်သောအိမ်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

 

မြို့တော်တွင် နေထိုင်သူ ထက်ဝက်ကျော်သည် နေအိမ်များတွင် ရေလည်ပတ်မှု၊ ဗဟိုအပူပေးစနစ်နှင့် ရေဆိုးမြောင်းစနစ်များ မကြာခဏပြတ်တောက်လေ့ရှိကာ ကျောက်မီးသွေးနှင့် ထင်းမီးဖိုများ သာမာန်အပူရှိသော်လည်း အန္တရာယ်များသော အပူအရင်းအမြစ်တစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို