အောက်တိုဘာ ၂၂
မွန်ဂိုလီးယားနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃၅၃၂ ဦးအထိ တိုးလာကြောင်း နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဗဟိုဌာန အင်န်စီစီဒီ (NCCD) က ယနေ့တွင် ပြောကြားသည်။
အဆိုပါရောဂါဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၃၅၁၄ ဦးအထိ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ခုနစ်ဦး ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း အင်န်စီစီဒီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝက်သက်ရောဂါဖြစ်ပွားသူအများစုသည် ဝက်သက်ကာကွယ်ဆေး တစ်ကြိမ်သာ ထိုးထားသည့် ကျောင်းနေအရွယ် ကလေးငယ်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဝက်သက်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းဖြင့် ၎င်းတို့၏ကလေးများကို ပြင်းထန်သောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် အင်န်စီစီဒီက မိဘများအား အကြံပြုထားသည်။
ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်နိုင်သော အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါဖြစ်ကြောင်း ဖော်ပြထားသည်။
အဖြစ်များသောနောက်ဆက်တွဲလက္ခဏာများတွင် အဖျား၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်လုံးများရောင်ရမ်းခြင်းတို့ပါဝင်သည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ထိုရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


