အူလန်ဘာတာ နိုဝင်ဘာ ၇

 

မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း အောက်တိုဘာလကို အအေးဆုံးအဖြစ် မှတ်တမ်းတင်ကြောင်း အမျိုးသားမိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအေဂျင်စီက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်လက နိုင်ငံ၏ ပျမ်းမျှအပူချိန်သည် ယမန်နှစ်ကထက် ၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် အောက် လျော့နည်းကြောင်း၊ ယင်းမှာ ရေရှည်ပျမ်းမျှအောက် ၂ ဒသမ ၉ ဒီဂရီအောက်ရှိပြီး ၁၉၄၀ ပြည့်နှစ်မှစကာ အောက်တိုဘာလအပူချိန်မှာ အနိမ့်ဆုံးဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ထားသည်။

 

မွန်ဂိုလီးယားနိုင်ငံသည် ရှည်လျားပြီး အေးသည့်ဆောင်းရာသီနှင့် တိုတောင်း၍ ပူသည့်နွေရာသီများကြောင့် ပြင်းထန်သည့် ကုန်းမြေထုရာသီဥတု လက္ခဏာရှိကြောင်း သိရသည်။  

 

ဆင်ဟွာ