ဩဂုတ် ၂၆
မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများဖြစ်ပွားမှုကြောင့် လူပေါင်း ၇၀ သေဆုံးကြောင်း အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယနေ့တွင်ပြောကြားသည်။
အဆိုပါသေဆုံးသူများသည် အရွယ်ရောက်သူဦးရေ ၅၀နှင့် ကလေးငယ်ဦးရေ ၂၀ တို့ဖြစ်သည်ဟုသိရသည်။
နိုင်ငံအတွင်း နွေရာသီနှင့်အားလပ်ရက်ကာလများတွင် ကျေးလက်ဒေသများသို့ ခရီးသွားလာသူ ပိုမိုများပြားလာသဖြင့် ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ထိုအေဂျင်စီက ဆိုသည်။
၎င်းအေဂျင်စီက မတော်တဆဖြစ်ပွားမှုများမှကာကွယ်ရန်ရေကြီးနေသော မြစ်များနှင့်ဝေးရာတွင် နေထိုင်ကြရန် လူအများအားတိုက်တွန်းပြောကြားထားသည်။
၂၀၂၄ ခုနှစ်က ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများတွင် ကလေးငယ် ၁၄ ဦး အပါအဝင် ၇၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


