အူလန်ဘာတာ  ဒီဇင်ဘာ  ၇     

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း   ၂၀၂၅ ခုနှစ် တိရစ္ဆာန်စစ်တမ်းကောက်ယူခြင်းကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံး(အင်န် အက်စ်အို)က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၌ ဒီဇင်ဘာ ၇    ရက်မှ   ၁၇  ရက်အတွင်း ကောက်ယူရရှိသည့် တိရစ္ဆာန်စာရင်းအချက်အလက်များကို မွေးမြူရေးကဏ္ဍ၏   လုပ်ဆောင်ချက်များကို သုံးသပ်ရန်နှင့် မက်ခရိုအဆင့် ခန့်မှန်းချက်များ ပြုလုပ်ရန်    အသုံးပြုသွားမည်ဖြစ်ကြောင်း အင်န်အက်စ်အိုက ထုတ်ပြန်ချက်တွင်  ပြောကြားသည်။

မွေးမြူရေးကဏ္ဍသည်   မွန်ဂိုလီးယားနိုင်ငံစီးပွားရေး၏ အဓိက မဏ္ဍိုင်များထဲမှတစ်ခုဖြစ်ပြီး နိုင်ငံ၏ အိမ်ခြေအတည်တကျမရှိသော လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ ယင်းကဏ္ဍအပေါ် မှီခိုနေရကြောင်း သိရသည်။

သို့သော်လည်း အလွန်အေးခဲပြီး ရှည်လျားသည့် ဆောင်းရာသီကြောင့် မွန်ဂိုလီးယားနိုင်ငံ၏ တိရစ္ဆာန်ထိန်းကျောင်းသူများသည် နှစ်စဉ်တိရစ္ဆာန်များ  ဆုံးရှုံးခဲ့ရသဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကို    လျော့နည်းစေသည်။

မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်  နှစ်ကုန်က မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၅၇ ဒသမ  ၆  သန်းရှိကြောင်း အင်န်အက်စ်အို၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ