မြင်းခြံ ၂၇ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် ၄ ခုရှိ စာစစ်ဌာန ၂၈ ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ် ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြင်းခြံမြို့နယ်တွင် စာစစ်ဌာန ၈ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၄၉၀ဝ၊ တောင်သာ မြို့နယ်တွင် စာစစ်ဌာနပေါင်း ၁၀ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၂၀၇ ဦး၊ နွားထိုးကြီးမြို့နယ်တွင် စာစစ်ဌာန ၆ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၆၁၄ ဦး၊ ငါန်းဇွန်မြို့နယ်တွင် စာစစ်ဌာန ၄ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၄၁၉ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များတွင် စာစစ်ဌာနစုစုပေါင်း ၂၈ ခု၊ ကျောင်း သား၊ ကျောင်းသူပေါင်း ၁၆၁၄၀ ဖြင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင် ( မြင်းခြံ )


