မကွေး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်း၏ ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ယဉ်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များက ရပ်မိ/ရပ်ဖများနှင့်အတူ မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် မီးလောင်မှု/မီးလန့်မှုမဖြစ်ပွားစေရေးအတွက် နေအိမ်များ၌ သွယ်တန်းအသုံးပြုသည့် လျှပ်စစ်ဝိုင်ယာကြိုးများ စနစ်တကျသုံးစွဲထားခြင်း ရှိ/မရှိ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရမည့် စည်းကမ်းချက်များကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကောင်းစစ်နိုင်


