မင်းလှ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အသင်းရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်သန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွဋ်က အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်းနှင့် တိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်သက်နွယ်က ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမ အသင်းစုလီမိတတ်၏ လုပ်ငန်းအစီအရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။။
မြို့နယ်(ပြန်/ဆက်)


