အထက်မင်းလှ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် လမ်းဦးစီးဌာနမှ ပြည်သူများ ခရီးသွားလာရာတွင် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် သရက်(ပိတောက်ပင်) - မင်းလှလမ်း၊ မျက်ကွယ်ကုန်းဖြတ်၍ လမ်းအရှည်(၁၀၅၀)ပေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် သရက်(ပိတောက်ပင်) - မင်းလှလမ်းအား ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (အထူးပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေ ချထားပေးခဲ့ပြီး သရက်(ပိတောက်ပင်) - မင်းလှလမ်း (၃၃/၂-၅)အတွင်း လမ်းအရှည် (၁၀၅၀)ပေ လမ်းအကျယ်(၁၈)ပေအား ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မင်းလှမြို့နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သရက်(ပိတောက်ပင်) - မင်းလှလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပြီးပါက ရာသီမရွေး ပြည်သူများ ခရီးသွာလာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပိုမိုအဆင်ပြေ ကောင်းမွန်စေမှာဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


