မင်းတပ်  ၂၆  ဖေဖော်ဝါရီ

 


ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အမျိုးသမီးငယ်များ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 


ဟောပြောပွဲတွင် အမျိုးသမီးငယ်လေးများအနေဖြင့် လူကုန်ကူးခံရသည့် အကြောင်းရင်း၊ တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် သတိပြုဆင်ခြင်ဖွယ်ရာများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီက လည်းကောင်း၊ အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ခရိုင်ကျန်းမာရေးမှူး လက်ထောက် ကျန်းမာရေးမှူး ဒေါ်လောရောင်ကလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

 


အဆိုပါဟောပြောပွဲကို ခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှရီနှင့် ဆရာ ဆရာမများ၊ သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း (၇၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 


MDN