မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မင်းတုန်း စက်တင်ဘာ ၆    

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ အ.ထ.က ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အပြေးပြိုင်ပွဲမီတာ ၁၀၀၊၂၀၀၊၄၀၀၊၈၀၀၊ ၁၅၀၀(ကျား+မ)၊ အလျားခုန်(ကျား+မ)၊ အမြင့်ခုန်(ကျား+မ)၊ သံလုံးပစ်(ကျား+မ)၊ သံပြားပစ် (ကျား+မ)နှင့် လှံတံပစ်(ကျား+မ)ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ညနေပိုင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲများ ဆက်လက် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအသီးသီး တွင် ပထမ၊ဒုတိယ၊တတိယ၊နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာများက ဆုများပေးအပ်ခဲ့ကြပြီး ဆုရရှိသူများ မကွေးတိုင်းဒေသကြီးအဆင့် ပြေးခုန်ပစ် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးချစ်ကိုကိုအောင်ထံမှ သိရှိရသည်။

 

မြို့နယ်ပြန်ဆက်