ရန်ကုန် ဇူလိုင် ၁၇
၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ဩဂုတ် ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်း စုစုပေါင်း ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။
ပြီးခဲ့သည့်ရာသီ MNL-2 ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် Chinland အသင်းနှင့် ဒုတိယရခဲ့သည့် တက္ကသိုလ်အသင်းတို့မှာ တန်းတက်ကစားခြင်းမရှိသဖြင့် MNL-2 တွင် ဆက်ကစားမည် ဖြစ်ပြီး တတိယရသည့် ရာမည့် ယူနိုက်တက်တစ်သင်းသာ အစား ထိုးတန်းတက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လာမည့်ရာသီ MNL-2 ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ Chin-land အသင်းအပါအဝင်တက္ကသိုလ် အသင်း၊ မြဝတီအသင်း၊ ကချင် ယူနိုက်တက်အသင်း၊ Glory Goal အသင်း၊ ငွေကြယ်ပွင့်အသင်း၊ MNL-2 Promotion Amateur Club Toumament 2025 ပြိုင်ပွဲမှတစ်ဆင့် တန်းတက်ခွင့်ရထားသည့် ရန်ကုန်စီးတီးအသင်းနှင့် YB United အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်(၁) အဖြစ် ဩဂုတ် ၃ ရက်တွင် ပဒုမ္မာကွင်း၌ ငွေကြယ်ပွင့် အသင်းနှင့် မြဝတီအသင်း၊ တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်း နှင့် ကချင်ယူနိုက်တက်အသင်း၊ ဩဂုတ် ၄ ရက်တွင် ပဒုမ္မာကွင်း ၌ YB United အသင်းနှင့် Chinland အသင်း၊ တက္ကသိုလ်ကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် Glory Goal အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL


