ရန်ကုန် ဒီဇင်ဘာ ၂၂
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲများကို ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
ပထမအကျော့ပြီးဆုံးရန် ပွဲစဉ်သုံးခုသာ ကျန်ရှိပြီး ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၇ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။ ပထမအကျော့လက်ကျန်ပွဲစဉ်များအနက် ပွဲစဉ် (၉) အဖြစ် ဒီဇင်ဘာ ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာ သိပ္ပံအသင်း၊ သီဟဒီပကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၂၄ ရက်တွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် သီဟဒီပကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် Dagon Port အသင်း၊ သုဝဏ္ဏကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်း၊ ပွဲစဉ်(၁၀) အဖြစ် ဒီဇင်ဘာ ၂၉ ရက်တွင် သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ သီဟဒီပကွင်း၌ အား/ကာသိပ္ပံ အသင်းနှင့် ရာမညယူနိုက်တက် အသင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် သီဟဒီပကွင်း၌ ရတနာပုံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ Dagon Port အသင်းနှင့် သစ္စာအားမာန်အသင်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ပွဲစဉ် (၁၂) အဖြစ် ဇန်နဝါရီ ၅ ရက်တွင် သုဝဏ္ဏကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် Dagon Port အသင်း၊ သီဟဒီပကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ဇန်နဝါရီ ၆ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်း၊ ဇန်နဝါရီ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ် (၈) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၂ မှတ်ဖြင့် ထိပ်ဆုံး မှ ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၂၁ မှတ်၊ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်းက ၁၄ မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းက ၁၂ မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၀ မှတ်၊ သစ္စာ အားမာန်အသင်းနှင့် မဟာယူနိုက်တက်အသင်းက ရှစ်မှတ်စီ၊ ရခိုင်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ Dagon Port အသင်းက ငါးမှတ်၊ ရာမည ယူနိုက်တက်အသင်းက နှစ်မှတ် ရရှိထားသည်။
MNL အမှတ်ပေးပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲကြောင့် ခေတ္တရပ်နားထားခြင်းဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL


