ရန်ကုန်   စက်တင်ဘာ   ၂၈

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) တတိယနေ့ကို စက်တင်ဘာ   ၂၈ ရက်က  သုဝဏ္ဏကွင်း၌  ကျင်းပရာ ဒဂုံစတားယူနိုက်တက် အသင်းနှင့် Dagon Port အသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည်  ယခုပွဲအနိုင်ရလျှင် ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်မည်ဖြစ်သော်လည်း သရေကျခဲ့သဖြင့် လွဲချော်ခဲ့ပြီး အဆင့်()  နေရာသို့    ထပ်ဆင်းပေးခဲ့ရသည်။  ရှုံးပွဲဆက်နေသည့်    Dagon Port အသင်းသည်  ယခုပွဲတွင် နောက်ကျချေပဂိုးဖြင့် သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

နှစ်သင်းစလုံးအနိုင်ရရန်အတွက် အားကုန်ထုတ်ကစားသလို အပြန်အလှန်သွင်းဂိုးများဖြင့်  ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ၁၄ မိနစ်တွင် မိုကာလူး၊ ၃၇ မိနစ်တွင် မိုက်ကယ်တို့က Dagon Port အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၂၇၊ ၄၅ မိနစ်တွင် အောင်သီဟက ဒဂုံစတားအသင်းအတွက် ချေပဂိုးပြန်သွင်းကာ ပထမပိုင်းအပြီးတွင် နှစ်ဂိုးစီသရေကျနေသည်။ မိနစ် ၈၀ တွင် ထက်ဖြိုးဝေက ဒဂုံစတားယူနိုက်တက်အသင်းအတွက်  ဦးဆောင်ဂိုးပြန်သွင်းသော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မိုကာလူးက Dagon Port အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သဖြင့် သုံးဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၅) နောက်ဆုံးနေ့ကို   စက်တင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး  သုဝဏ္ဏကွင်း၌  ရတနာပုံအသင်းနှင့်  ရခိုင်ယူနိုက်တက်အသင်း၊ သီဟဒီပကွင်း၌  သစ္စာအားမာန်အသင်းနှင့်    မဟာယူနိုက်တက်အသင်းတို့   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                                                                     

ကိုညီလေး