ရန်ကုန် ဇွန် ၈
MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) နောက်ဆုံးနေ့ကို ဇွန် ၈ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပ ရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်အသင်းက မဟာယူနိုက်တက်အသင်းကို ငါးဂိုးပြတ် အနိုင်ရ ခဲ့သည်။
ယမန်နေ့က ကစားသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက် အသင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သော် လည်း လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ခုနစ်ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ဆက်ထိန်း ကာ နိုင်ပွဲနှင့်အတူ ဒုတိယနေရာ ရောက်လာသည်။ ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် MNL ယူ-၂၁ လိဂ်၌ တစ်သင်းတည်းသော ရှုံးပွဲ မရှိအသင်းအဖြစ် ရပ်တည်နေသည်။
မဟာယူနိုက်တက်အသင်းမှာမူ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခြင်းမရှိသေးဘဲ ခုနစ်ပွဲဆက် အရေးနိမ့် ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၁၇၊ ၃၆၊ ၈၃ မိနစ်တွင် ကောင်းခန့်ဟိန်း က ဟက်ထရစ် သွင်းယူပြီး ၃၂ မိနစ်တွင် အောင်ထက်ပိုင်နှင့် ၈၅ မိနစ်တွင် ခွန်လာလေးတို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၇) အပြီးတွင် ရန်ကုန် ယူနိုက်တက်အသင်းက ရမှတ် ၁၈ မှတ်ဖြင့် ဦးဆောင်နေပြီး လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ အား/ကာ သိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက် တက်အသင်းတို့က ၁၆ မှတ်စီ၊ ရာမညယူနိုက်တက်အသင်းက ၁၃ မှတ်၊ Junior Lions အသင်းက ၁၂ မှတ်၊ သစ္စာအားမာန်အသင်းက ကိုးမှတ်၊ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းက ရှစ်မှတ်စီ၊ ရတနာပုံ၊ Falcon နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့က ခုနစ်မှတ်စီ၊ Dagon Port အသင်းက တစ်မှတ်ရထားပြီး မဟာယူနိုက်တက် အသင်းမှာမူ ခုနစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
ရဲရင့်လွင်
ဓာတ်ပုံ - MNL


