ရန်ကုန်   ဩဂုတ်  ၂၁

၂၀၂၅  MNL  ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆)ကို သြဂုတ် ၁၈၊ ၁၉၊ ၂၀ ရက်က ဆက်လက်ကျင်းပရာ ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ပေါ်ပြီး ဒဂုံစတားယူနိုက်တက်အသင်း ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့သည်။

အား/ကာသိပ္ပံ  အသင်းသည် သရေကျခဲ့သဖြင့်  ဒဂုံစတားအသင်းနှင့် ရမှတ်တူသွားပြီး ဂိုးကွာခြား ချက်ဖြင့်    ဒဂုံစတား ယူနိုက်တက်အသင်းက  ထိပ်ဆုံးရောက်လာကာ   အား/ကာသိပ္ပံ အသင်းမှာမူ     ဒုတိယနေရာ ဆင်းပေးခဲ့ရသည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရန်ကုန် ယူနိုက်တက်အသင်းကို အနိုင်ကစားနိုင်သဖြင့် တတိယနေရာသို့ တက်လှမ်းလာပြီး   ရန်ကုန်ယူနိုက်တက်အသင်းမှာမူ   အဆင့် ၄ နေရာသို့ ဆင်းပေးခဲ့ရသည်။ ပွဲစဉ် (၁၆) တွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း က ရန်ုကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊  Junior   Lions အသင်းက  ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဒဂုံစတားယူနိုက်တက်အသင်းက    သစ္စာအားမာန်အသင်းကို ငါးဂိုးပြတ်၊   Falcon အသင်းက  ရခိုင် ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Dagon Port အသင်းက ရာမညယူနိုက် တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဟံသာဝတီယူနိုက်တက်အသင်းက မဟာယူနိုက် တက်အသင်းကို လေးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရရှိပြီး အား/ကာသိပ္ပံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။

ပွဲစဉ်(၁၆)   အပြီးတွင်   ဒဂုံစတားယူနိုက်တက်   အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ရမှတ် ၃၆ မှတ်စီ တူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ဒဂုံစတားယူနိုက်တက်အသင်းက အဆင့် ၁၊ အား/ကာ သိပ္ပံအသင်းက အဆင့် ၂ နေရာတွင်   ရပ်တည်နေကာ ယင်းနှစ်သင်းနောက်တွင်  ရှမ်းယူနိုက်တက်အသင်းက ၃၃ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၃၁ မှတ်၊  Junior Lions အသင်းက ၂၇ မှတ်၊  Falcon အသင်းက ၂၅ မှတ်၊  သစ္စာအားမာန်အသင်းက ၂၄ မှတ်၊ ဧရာဝတီယူနိုက်တက် အသင်းက ၂၃ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၀၊ ရာမညယူနိုက်တက်အသင်းက ၁၉ မှတ်၊ ရတနာပုံအသင်းက ၁၈ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက  ကိုးမှတ်၊  မဟာယူနိုက်တက်အသင်းက ငါးမှတ်၊ Dagon Port အသင်းက လေးမှတ်ရရှိထားသည်။                    

သော်လေး