ရန်ကုန်   စက်တင်ဘာ   ၂၂

 

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ် ပြိုင်ပွဲ  ပွဲစဉ်(၂၁)ကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ချန်ပီယံဆုအတွက်    နှစ်မှတ်အကွာဖြင့် အပြိုင်ဖြစ်နေသည်။

 

ပွဲစဉ်(၂၁)တွင်  အား/ကာသိပ္ပံ အသင်းက   ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုး၊ Falcon အသင်းက Dagon Port အသင်းကို သုံးဂိုး-တစ်ဂိုး၊  ရန်ကုန်ယူနိုက်တက် အသင်းက  သစ္စာအားမာန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ မဟာယူနိုက်တက်အသင်းက   ရာမညယူနိုက်တက်အသင်းကို    သုံးဂိုး-နှစ်ဂိုး၊ Junior Lions အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ တစ်ဂိုးစီသရေ၊ ဒဂုံစတားယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ယခုတစ်ပတ်တွင် ဒဂုံစတားယူနိုက်တက်အသင်း သရေကျပြီး အား/ကာသိပ္ပံအသင်း အနိုင်ရသဖြင့် ချန်ပီယံဆုအတွက် ယင်းနှစ်သင်း၏ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။

 

ပွဲစဉ် (၂၁) အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၄၉ မှတ်၊ အား/ကာသိပ္ပံအသင်းက ၄၇ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၄၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၄၁ မှတ်၊ Falcon အသင်းက ၃၄ မှတ်၊ Junior Lions နှင့် သစ္စာအားမာန်အသင်းက ၃၃ မှတ်စီ၊ ဧရာဝတီ ယူနိုက်တက်အသင်းက ၂၉ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၂၅ မှတ်၊ ရတနာပုံအသင်းက ၂၄ မှတ်၊ ရာမညယူနိုက်တက်အသင်းက ၁၉ မှတ်၊ Dagon Port အသင်းက ၁၁ မှတ်၊ ရခိုင်ယူနိုက်တက် အသင်းက ၁၀ မှတ်၊ မဟာယူနိုက်တက်အသင်းက ရှစ်မှတ်ရရှိထားသည်။

 

 

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MNL