၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်
၁။     ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့ နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော် ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ခြေကင်မွန်းစခန်း၊ တောင်တက်ကားဂိတ်အနီး၌ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာကြ သော အပြစ်မဲ့ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးခြင်း၊ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် မိသားစု နှင့်အတူ အထူးထပ်တူကြေကွဲ ခံစားရပါသည်။ 
၂။    မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ဘာသာမတူ လူမျိုးမတူ တိုင်းရင်းသားပေါင်းစုံသည် မိမိတို့ ယုံကြည်ရာ ဘာသာ/သာသနာကို လွတ်လပ်စွာကိုးကွယ်ယုံကြည်လျက်ရှိကြပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲအတူနေထိုင်ကြသော နိုင်ငံအတွင်း ရဟန်းများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ကြသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အစည်းများကို မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ   ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်း