နေပြည်တော် ၁၀ ဖေဖော်ဝါရီ
မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူး မြင့်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ် အမှတ်(ဝ၀၅)ပါ၂ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Taknaf ကင်းစခန်းမှ Subedar Md. Yousuf Ali ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် ၂ စီး၊ စုစုပေါင်း (၄)စီးတို့သည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ရေမိုင်အမှတ်(၅)အနီး ကညင်ချောင်း ချောင်းဝထိပ်မှ လှည့်ကင်းဆောင်ရွက်ခဲ့ရာ ရေမိုင်အမှတ်(၆)အနီး ပြင်ဖြူချောင်းဝထိပ်သို့ ရောက်ရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
MDN


