နေပြည်တော် ၂၅ ဖေဖော်ဝါရီ
မြန်မာ-ဗီယက်နမ် တတိယအကြိမ် လုံခြုံရေးနှင့်တရားဥပဒေစိုုးမိုးရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး( The Third Ministerial Meeting on Security Cooperation between Myanmar and Viet Nam) အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုစည်းခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိ်ုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ် (Gen. To Lam) ၊ မြန်မာနိ်ုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dr. Lun Thuy Duong နှင့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဖြတ်ကျော်မှုခင်းများ တိ်ုက်ဖျက်ရေးကဏ္ဍတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန် ကူးမှုတိုက်ဖျက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအပေါ် ခြိမ်းခြောက်နေသော အကြမ်းဖက်မှုခင်း များတိုက်ဖျက်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် စုံစမ်းဖော်ထုတ်ရေးတို့တွင် ရဲတပ်ဖွဲ့စွမ်း ရည်မြှင့်တင်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို ဆွေးနွေးအ တည်ပြုခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံမှုခင်းကြိုတင်ကာကွယ် တားဆီးရေး နှင့်နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှှုု သဘောတူညီချက်နှင့် ဝန်ကြီး အဆင့်ဆွေးနွေးမှုသဘောတူညီချက်များပါဝင်သည့် အစည်းအဝေးမှတ်တမ်းတို့ကို နှစ်နိုင်ငံဝန်ကြီး များမှ လက်မှတ်ရေးထိုုးခြင်း၊ နှစ်နိုင်ငံကိုယ်စားလှယ်များမှ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)


