ရန်ကုန်    ဒီဇင်ဘာ   ၂၈

၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ကို ဒီဇင်ဘာ ၂၈ ရက်က သုဝဏ္ဏ လေ့ကျင့်ရေးကွင်း-၁ ၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက YREO အသင်းကို သုံးဂိုးပြတ်အနိုင်ရသည်။

ရှမ်းယူနိုက်တက်အသင်းသည် YREO အသင်းကို ထပ်မံအနိုင်ယူပြီး ဒုတိယအကျော့ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ချန်ပီယံမျှော်လင့်နိုင်သည့် အခြေအနေနည်းပါးသော်လည်း ဇယားထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄၅+၂ မိနစ်တွင် ယုယနိုင်၊ မိနစ် ၆၀ တွင် နန့်မေသဇင်နှင့် မိနစ် ၉၀ တွင် ပင်နယ်တီမှတစ်ဆင့် ရူပါခိုင်တို့က သွင်းယူခဲ့သည်။ 

ယခုပွဲအပြီးတွင်  ရှမ်းယူနိုက်တက်အသင်းက ၁၀ ပွဲကစား ၁၉ မှတ်၊  YREO အသင်းက ၁၀ ပွဲကစား    ၁၀ မှတ်ရရှိထားသည်။   ပွဲစဉ်(၁၁)   ဒုတိယနေ့ကို ဒီဇင်ဘာ  ၂၉ ရက်တွင်   ဆက်လက်ကျင်းပမည်ဖြစ်ပြီး   YUSC ကွင်း၌   Young Lionesses   အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MWL