ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် မော်လ်ဒိုက်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့၏ ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ MFF Futsal Stadium သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် မော်လ်ဒိုက်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းက ၇ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယှဉ်ပြိုင်ကစားသွားရမည်
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ် အုပ်စု(ဇ)တွင် မော်လ်ဒိုက်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


