၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်အား တက်ရောက် ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူအများအပြားရှိနေသည့် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကင်မွန်းချောင်း တောင်တက် ယာဉ်စခန်းအား KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟု သိရပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဘုရားဖူးပြည်သူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် များစွာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ်ရပါသည်။
၂။ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူအေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူ လျက်ရှိသော သာသနာ့နယ်မြေအတွင်း စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သော အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မှုမျိုးကို မိမိတို့ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ လုံးဝလက်မခံနိုင်ပါ ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)


