ရန်ကုန်  နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် ဂျပန်နိုင်ငံမှTOKYO VERDY BELEZA အမျိုးသမီးဘောလုံးအသင်းတို့၏ အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသည်။

ထိုသို့ယှဉ်ပြိုင်နေမှုကို ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် ဘောလုံးပရိသတ်များက  ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန် တွင်     ဂျပန်နိုင်ငံမှ   TOKYO  VERDY  BELEZA  အမျိုးသမီးဘောလုံးအသင်းက အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းသည် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(C)တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အမျိုးသမီးကလပ်အသင်းများနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် မြောက်ကိုရီးယားနိုင်ငံမှ NAEGO-HYANG FC အမျိုးသမီးဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)