၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့

 

၁။        ယနေ့ နံနက်ပိုင်းတွင်   အကြမ်းဖက်သမားများက  ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့မှုကြောင့်  ဘုရားဖူးပြည်သူ ၁၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး (၃) ဦး သေဆုံးခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။

 

၂။    ဝါကျွတ်ကာလတွင် အများပြည်သူများက ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ပြီး ကုသိုလ်ကောင်းမှုများပြုလုပ်နေချိန်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်နှင့် ပြည်သူများပျက်စီးရေးကို ရှေးရှုလျက် လူမဆန်သောအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့မှုများ သည် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်ပါသည်။

 

၃။ နိုင်ငံနှင့်အဝှမ်း ဘုရားဖူးခြင်း၊အပန်းဖြေအနားယူခြင်းများဖြင့် စည်ကားအေးချမ်းစွာ အများပြည်သူတို့ လှုပ်ရှားနေထိုင်ခြင်းများကို  မနာလိုမရှုဆိတ်သော  သဘောဖြင့် အကြမ်းဖက်မှု များပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ လက်မခံနိုင်ပါ ကြောင်းနှင့် အကြမ်းဖက်မှုပြုလုပ်ခြင်းများအားလုံးကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ