ရန်ကုန် စက်တင်ဘာ ၂
စက်တင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ONE Friday Fights 126 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သွေးလင်းထက် တွဲဆိုင်းပါ၀င်လာမည်ဖြစ်ပြီး ဝါရင့်ထိုင်းဖိုက်တာ ဆမ်အေနှင့်ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။
သွေးလင်းထက်သည် ယခု နောက်ပိုင်းပွဲများတွင် အလဲထိုး၊ ဒိုင်ပွဲရပ်များဖြင့် နိုင်ပွဲဆက်နေသူ ဖြစ်ပြီး ONE Championship အဖွဲ့အစည်းက ဝါရင့်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်စေခြင်းဖြစ်သည်။ သွေးလင်းထက်သည် ဆမ်အေနှင့်ပွဲတွင် အနိုင်ရရန် လိုအပ်နေပြီး အနိုင်ရပါက ONE နှင့် စာချုပ်ရဖွယ်ရှိနေသည်။ သွေးလင်းထက်သည် ONE နှင့် ခြောက်ပွဲထိုးသတ်ရာတွင် ငါးပွဲအထိ အနိုင်ရထားပြီး နောက်ဆုံး လေးပွဲဆက် အနိုင်ရရှိထားသူဖြစ်သည်။ ဆမ်အေမှာမူ ဝါရင့် မွေထိုင်းဖိုက်တာ တစ်ဦးဖြစ်ပြီး ONE နှင့် ၁၃ ပွဲ ထိုးသတ်ရာတွင် ကိုးပွဲနိုင် လေးပွဲရှုံးနိမ့်ထားသည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-ONE


