ပုသိမ် ဒီဇင်ဘာ ၁၄

 

မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် နေ့လယ်စာ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အမှာစကား ပြောကြားပြီး ဂုဏ်ထူးရ သင်တန်းသား သင်းတန်းသူများနှင့် စွမ်းဆောင်ရည်ထူးချွန်ဆုရ မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်အသင်းစုများမှ စွမ်းဆောင်ရည်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်သည်။

 

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများအား နေ့လယ်စာ မိတ်ဆုံစားပွဲ​ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မေချို